بَلْ قَالُوْٓا اَضْغَاثُ اَحْلَامٍۢ بَلِ افْتَرٰىهُ بَلْ هُوَ شَاعِرٌۚ فَلْيَأْتِنَا بِاٰيَةٍ كَمَآ اُرْسِلَ الْاَوَّلُوْنَ
bal qālū aḍgāṡu aḥlāmim baliftarāhu bal huwa syā‘ir(un), falya'tinā bi'āyatin kamā ursilal-awwalūn(a).
သို့သော် ၎င်းတို့က ပြောသည်၊ ‘(ကုရ်အာန်သည်) ရှုပ်ထွေးသော အိပ်မက်များဖြစ်သည်၊ သို့မဟုတ် (မုဟမ္မဒ်) ၏ဖန်တီးမှုဖြစ်သည်၊ သို့မဟုတ် သူသည် ကဗျာဆရာတစ်ဦးသာဖြစ်သည်၊ ယခင်စေလွှတ်ခံရသော ရစူလ်များကဲ့သို့ နိမိတ်လက္ခဏာ (သက်သေ) တစ်ခုကို ကျွန်ုပ်တို့ထံ ယူဆောင်လာပါစေ။’
وَمَا عَلَّمْنٰهُ الشِّعْرَ وَمَا يَنْۢبَغِيْ لَهٗ ۗاِنْ هُوَ اِلَّا ذِكْرٌ وَّقُرْاٰنٌ مُّبِيْنٌ ۙ
wa mā ‘allamnāhusy-syi‘ra wa mā yambagī lah(ū), in huwa illā żikruw wa qur'ānum mubīn(un).
ထို့ပြင် ငါအရှင်သည် (မုဟမ္မဒ်အား) ကဗျာသင်ကြားပေးတော်မမူခဲ့ပြီး၊ ကဗျာရေးဖွဲ့ခြင်းသည် သူ့အတွက် သင့်လျော်မှုမရှိပေ။ ကုရ်အာန်သည် သင်ခန်းစာနှင့် ရှင်းလင်းသောကျမ်းတော်မျှသာဖြစ်သည်၊
وَيَقُوْلُوْنَ اَىِٕنَّا لَتَارِكُوْٓا اٰلِهَتِنَا لِشَاعِرٍ مَّجْنُوْنٍ ۗ
wa yaqūlūna a'innā latārikū ālihatinā lisyā‘irim majnūn(in).
၎င်းတို့က 'ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦးကြောင့် ကျွန်ုပ်တို့ၤကိုးကွယ်ရာများကို စွန့်လွှတ်ရမည်လား' ဟု ပြောကြသည်။
اَمْ يَقُوْلُوْنَ شَاعِرٌ نَّتَرَبَّصُ بِهٖ رَيْبَ الْمَنُوْنِ
am yaqūlūna syā‘irin natarabbaṣu bihī raibal-manūn(i).
သို့သော် ၎င်းတို့က ဤသို့ပြောဆိုကြသည်၊ သူသည် ကံဆိုးမှုရောက်ရှိလာမည်ကို ကျွန်ုပ်တို့ စောင့်မျှော်နေသော ကဗျာဆရာဖြစ်သည်။
وَّمَا هُوَ بِقَوْلِ شَاعِرٍۗ قَلِيْلًا مَّا تُؤْمِنُوْنَۙ
wa mā huwa biqauli syā‘ir(in), qalīlam mā tu'minūn(a).
ထို့ပြီး ၎င်း (ကုရ်အာန်) သည် ကဗျာဆရာ၏ စကားမဟုတ်ပေ။ သင်တို့သည် ၎င်းကို အနည်းငယ်သာ ယုံကြည်ကြသည်။