قَالُوْا يٰذَا الْقَرْنَيْنِ اِنَّ يَأْجُوْجَ وَمَأْجُوْجَ مُفْسِدُوْنَ فِى الْاَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلٰٓى اَنْ تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا
qālū yā żal-qarnaini inna ya'jūja wa ma'jūja mufsidūna fil-arḍi fahal naj‘alu laka kharjan ‘alā an taj‘alā bainanā wa bainahum saddā(n).
ယင်းလူမျိုးတို့က အို-ဇုလ်ကရ်နိုင်န်၊ ဧကန်မလွဲယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တု့ိသည် ဤအရပ်ဒေသတွင် ဆူပူသောင်းကျန်းလုယက်တိုက်ခိုက် ဖျက်ဆီးသူများပင် ဖြစ်ကြပါသည်။ သို့ပါ၍ အသင်သည် ကျွန်ုပ်တို့နှင့်၎င်းတို့၏အကြားတွင်အကာအကွယ်တစ်ခုကို ပြုလုပ်ပေးပါ။ ကျွန်ုပ်တို့သည် အသင့်အား အခွန်အကောက်(လက်အောက်ခံကြေး)တစ်စုံတစ်ရာကို ပေးဆောင်ကြရပါမည်လောဟု ပြောဆိုကြ၏။
قَالَ مَا مَكَّنِّيْ فِيْهِ رَبِّيْ خَيْرٌ فَاَعِيْنُوْنِيْ بِقُوَّةٍ اَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا ۙ
qāla mā makkannī fīhi rabbī fa a‘īnūnī biquwwatin aj‘al bainakum wa bainahum radmā(n).
ယင်းဇုလ်ကရ်နိုင်န်က (၎င်းတို့အား ဤသို့ ပြောဆိုဖြေကြားခဲ့လေ၏။ (အချင်းတို့၊)ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ချီးမြှင့်တော်မူခဲ့သော စွမ်းအင်သည် ပင် အလွန်များပြားလှ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ကျွန်ုပ် အား (မိမိတို့၏လုပ်အားဖြင့်သာ ကူညီကြလေကုန်။ကျွန်ုပ်သည် အသင်တို့နှင့် ၎င်းတို့၏အကြားဝယ် အလွန်ခိုင်ခံ့မြင့်မားသော တံတိုင်းကို ပြုလုပ်၍ပေးမည်။)
اٰتُوْنِيْ زُبَرَ الْحَدِيْدِۗ حَتّٰىٓ اِذَا سَاوٰى بَيْنَ الصَّدَفَيْنِ قَالَ انْفُخُوْا ۗحَتّٰىٓ اِذَا جَعَلَهٗ نَارًاۙ قَالَ اٰتُوْنِيْٓ اُفْرِغْ عَلَيْهِ قِطْرًا ۗ
Ātūnī zubaral-ḥadīd(i), ḥattā iżā sāwā bainaṣ-ṣadafaini qālanfukhū, ḥattā iżā ja‘alahū nārā(n), qāla ātūnī ufrig ‘alaihi qiṭrā(n).
အသင်တို့သည် သံပြား များကိုသာ ကျွန်ုပ်ထံယူဆောင်ခဲ့ကြလေကုန်။ နောက်ဆုံးတွင် တောင်နှစ်လုံးထိပ်ဖျားနှစ်ခုအကြားတွင် (ယင်းသံပြားများကို)တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့သောအခါ ယင်းဇုလ်ကရ်နိုင်န်က (အချင်းတို့၊ယခု)အသင်တို့သည် ယပ်ခတ်လေမှုတ်ကြလေကုန်ဟု ပြောဆိုညွှန်ကြားခဲ့၏။ နောက်ဆုံးတွင် ယင်းသံပြားများကို(ရဲရဲတောက်) မီး(ခဲများ)ဖြစ်စေခဲ့သောအခါ(တစ်ဖန်)ယင်းဇုလ်ကရ်နိုင်န်က(အချင်းတို့)အသင်တို့သည်အရည်ကျိုထားသောကြေးနီကို ကျွန်ုပ်တို့ထံယူခဲ့ကြလေကုန်။ (ယင်းအရည်ကျိုထားသောကြေးနီကို) ဤ(ရဲရဲတောက်လျက်ရှိသော) သံပြားပေါ်၌ ကျွန်ုပ်သွန်းလောင်းအံ့ဟု ပြောဆိုခဲ့လေ၏။
فَمَا اسْطَاعُوْٓا اَنْ يَّظْهَرُوْهُ وَمَا اسْتَطَاعُوْا لَهٗ نَقْبًا
famasṭā‘ū ay yaẓharūhu wa mastaṭā‘ū lahū naqbā(n).
ထို(တံတိုင်းကြီးကို ပြုလုပ်၍ ပြီးစီးသော) အခါထို(ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်)တို့မှာ ယင်းတံတိုင်းကြီးကို ကျော်တက်ခြင်းကိုလည်းကောင်း၊ ဖောက်ထွင်း ခြင်းကိုလည်းကောင်း၊မပြုစွမ်းနိုင်ခဲ့ကြချေ။
قَالَ هٰذَا رَحْمَةٌ مِّنْ رَّبِّيْۚ فَاِذَا جَاۤءَ وَعْدُ رَبِّيْ جَعَلَهٗ دَكَّاۤءَۚ وَكَانَ وَعْدُ رَبِّيْ حَقًّا ۗ
qāla hāżā raḥmatum mir rabbī, fa iżā jā'a wa‘du rabbī ja‘alahū dakkā'(a), wa kāna wa‘du rabbī ḥaqqā(n).
ထိုအခါ ယင်းဇုလ်ကရ်နိုင်န်က ဤသည်ကားကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ပင်တည်း။ တစ်ဖန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ချိန်းချက်ထားတော်မူသော အချိန်ကာလဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်သည် ဤတံတိုင်းကို ဖြိုဖျက်တော်မူအံ့။ စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ချိန်းချက်မှုသည် မှန်ကန်သောချိန်းချက်မှုပင်ဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။
حَتّٰىٓ اِذَا فُتِحَتْ يَأْجُوْجُ وَمَأْجُوْجُ وَهُمْ مِّنْ كُلِّ حَدَبٍ يَّنْسِلُوْنَ
Ḥattā iżā futiḥat ya'jūju wa ma'jūju wa hum min kulli ḥadabiy yansilūn(a).
(ယာဂျူးဂျ်နှင့် မဂျူးဂျ်၏) တံတိုင်းကို ဖွင့်လှစ်ပြီး ၎င်းတို့သည် မြင့်မားသောနေရာအားလုံးမှ လျင်မြန်စွာ ဆင်းသက်လာသည်အထိ။
وَاقْتَرَبَ الْوَعْدُ الْحَقُّ فَاِذَا هِيَ شَاخِصَةٌ اَبْصَارُ الَّذِيْنَ كَفَرُوْاۗ يٰوَيْلَنَا قَدْ كُنَّا فِيْ غَفْلَةٍ مِّنْ هٰذَا بَلْ كُنَّا ظٰلِمِيْنَ
waqtarabal-wa‘dul-ḥaqqu fa iżā hiya syākhiṣatun abṣārul-lażīna kafarū, yā wailanā qad kunnā fī gaflatim min hāżā bal kunnā ẓālimīn(a).
(ထမြောက်မည့်နေ့) မှန်ကန်သောကတိသည် နီးကပ်လာသောအခါ၊ ရုတ်တရက် မယုံကြည်သူများ၏မျက်လုံးများ ပြူးထွက်သွားမည်။ (၎င်းတို့က ပြောမည်)၊ ‘အို ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခပြီ၊ ကျွန်ုပ်တို့သည် ဤအရာနှင့်ပတ်သက်၍ အမှန်တကယ် လျစ်လျူရှုခဲ့ပြီး၊ ကျွန်ုပ်တို့သည် အမှန်တကယ် မတရားသူများဖြစ်သည်။’