အစ္စလာမ်သို့ ဝင်ရန်၊ ဤနေရာကို နှိပ်ပါ
အစ္စလာမ် အမှန်တရား: ကုရ်အာန် နှင့် ဟဒီးစ်
(အမှန်တရားသော အစ္စလာမ်)



အကြောင်းအရာ - ဗဟုသုတ သိပ္ပံကောင်စီများတွင်ကျင့်ဝတ်များ မှားကြောင်းသက်သေပြသောအခါ ဆရာ့အား ပြစ်တင်ရှုတ်ချပါ။

ကျမ်းပိုဒ်ရှာဖွေမှု ရလဒ်များ :
စုစုပေါင်းကျမ်းပိုဒ် : 3
71
Q.S စူရဟ် ကဟ်ဖ် (18:71)

فَانْطَلَقَاۗ حَتّٰٓى اِذَا رَكِبَا فِى السَّفِيْنَةِ خَرَقَهَاۗ قَالَ اَخَرَقْتَهَا لِتُغْرِقَ اَهْلَهَاۚ لَقَدْ جِئْتَ شَيْـًٔا اِمْرًا

fanṭalaqā, ḥattā iżā rakibā fis-safīnati khara ahā, qāla akharaqtahā litugriqa ahlahā, laqad ji'ta syai'an imrā(n).

ထို့နောက် 4င်း(မူစာနှင့်ခဿွရ်)တို့နှစ်ဦးသည်လျှောက်သွားကြပြီး နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးသည် ရွက်သင်္ဘောပေါ်သို့ စီးနင်းကြသောအခါ ယင်း(ခစ်ဿွ်ရ်)သည်ထိုရွက်သင်္ဘောကို ဖောက်ခဲ့လေသည်။ (ထိုအခါ) ယင်း(မူစာ)က (ဤသို့)ပြောဆိုခဲ့လေသည်။ အသင်သည် ဤသင်္ဘောကိုသင်္ဘောပေါ်၌ ပါရှိသောသူတို့အား နစ်မြုပ်စေအံ့သောငှာဖောက်ခဲ့လေသလော။ ဧကန်မလွဲ အသင်သည် အလွန်ဆိုးရွားသော အပြုအမူတစ်ရပ်ကို ပြုလုပ်ခဲ့ချေပြီတကား။


74
Q.S စူရဟ် ကဟ်ဖ် (18:74)

فَانْطَلَقَا ۗحَتّٰٓى اِذَا لَقِيَا غُلٰمًا فَقَتَلَهٗ ۙقَالَ اَقَتَلْتَ نَفْسًا زَكِيَّةً؈ۢبِغَيْرِ نَفْسٍۗ لَقَدْ جِئْتَ شَيْـًٔا نُّكْرًا ۔

fanṭalaqā, ḥattā iżā laqiyā gulāman fa qatalah(ū), qāla aqatalta nafsan zakiyyatam bigairi nafs(in), laqad ji'ta syai'an nukrā(n).

ထိုနောက် တစ်ဖန် ၎င်း(မူစာနှင့်ခစ်ဿွ်ရ်)တို့နှစ်ဦးသည် (ရှေ့သို့ဆက်လက်၍ လျှောက်သွားခဲ့ကြပြန်ရာ သူငယ်တစ်ယောက်ကို တွေ့ကြသောအခါ ယင်း(ခစ်ဿွ်ရ်)ကထိုသူငယ်အား သတ်ဖြတ်ခဲ့လေ၏။ (ဤသည်တွင်) ထို(မူစာ)က(အချင်းခစ်ဿွ်ရ်) အသင်သည် သန့်စင်သော အသက်တစ်ချောင်းကို မည်သည့်အသက်တစ်ချောင်း(၏ သက်စားသတ်ခြင်း)မျှ မဟုတ်ဘဲ (မတရားသဖြင့်) သတ်ဖြတ်ခဲ့လေသလော။ဧကန်မလွဲ အသင်သည် အလွန့်အလွန် ဆိုးရွားလှသောအမှုတစ်ရပ်ကို ကျူးလွန်ပြုလုပ်ခဲ့ချေပြီတကား ဟု ပြောဆိုခဲ့လေသတည်း။


77
Q.S စူရဟ် ကဟ်ဖ် (18:77)

فَانْطَلَقَا ۗحَتّٰىٓ اِذَآ اَتَيَآ اَهْلَ قَرْيَةِ ِۨاسْتَطْعَمَآ اَهْلَهَا فَاَبَوْا اَنْ يُّضَيِّفُوْهُمَا فَوَجَدَا فِيْهَا جِدَارًا يُّرِيْدُ اَنْ يَّنْقَضَّ فَاَقَامَهٗ ۗقَالَ لَوْ شِئْتَ لَتَّخَذْتَ عَلَيْهِ اَجْرًا

fanṭalaqā, ḥattā iżā atayā ahla qaryatinistaṭ‘amā ahlahā fa abau ay yuḍayyifūhumā fa wajadā fīhā jidāray yurīdu ay yaqaḍḍa fa aqāmah(ū), qāla lau syi'ta lattakhażta ‘alaihi ajrā(n).

တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် ထိုမြို့တွင်း၌ တံတိုင်း တစ်ခုကိုတွေ့ရှိခဲ့ကြ၏။ ထိုတံတိုင်းမှာ ပြိုကျအံ့ဆဲဆဲ ဖြစ်နေလေရာယင်း(ခစ်ဿွ်ရ်)က ထိုတံတိုင်းကို ဖြောင့်မတ်စွာ ရပ်တည်စေခဲ့လေသည်။ (ထိုအခါ)ယင်း(မူစာ)က(အချင်း-ခစ်ဿွ်ရ်)အကယ် ၍အသင်သည် အလိုရှိခဲ့ပါမူ ဤ(တံတိုင်း တည့်မတ်ပေးရေး) နှင့်စပ်လျဉ်း၍ အမှန်ပင် လုပ်ခကိုယူနိုင်ခဲ့ပေသည်ဟုပြောဆို ခဲ့လေသည်။